Spa

Request an offer

This content is restricted to subscribers

စည်းကမ်းသတ်မှတ်ချက်များ

  • ဤဝန်ဆောင်မှုများအား မြန်မာနိုင်ငံတွင် ထုတ်ပေးသည့် CB Bank’s Platinum Card, Prestige Customers and Rainbow World ကဒ်ကိုင်ဆောင်သူများသာ လျှောက်ထားနိုင်ပါသည်။
  • ဤဝန်ဆောင်မှုများသည် အဓိက ကဒ်ကိုင်ဆောင်သူများသာ အသုံးပြုခွင့်ရှိသည်။
  • ဤဝန်ဆောင်မှုများအား CBဘဏ်ကဒ် တစ်ခုတည်း အသုံးပြုပြီးသာ ငွေပေးချေခွင့်ရှိသည်။
  • ကြိုတင်စာရင်းပေးသွင်းမှုများအား အနည်းဆုံး ၅ ရက်ကြိုတင်၍

၁. ဆက်သွယ်ရန်ဖုန်းနံပါတ်များဖြစ်သော

– CB ဘဏ် Platinum ကဒ် ကိုင်ဆောင်သူများနှင့် Prestige Customer များအတွက်+၉၅၉၄၅၇၁၁၁-၄၁၁

– CB ဘဏ် Rainbow World ကဒ်ကိုင်ဆောင်သူများအတွက် +၉၅၉၄၅၇၁၁၁၅၁၁

ဖုန်းနံပါတ်များသို့ နံနက်၁၀း၀၀နာရီ မှ ညနေ ၅း၀၀နာရီအတွင်း (တနလာင်္ မှ သောကြာအထိ) ခေါ်ဆို၍လည်းကောင်း

၂. www.cbconcierge.comဝက်ဘ်ဆိုဒ်တွင် ရက်ပေါင်း၃၀ (၂၄နာရီပိတ်ရက်မရှိ)ကြိုတင်၍ စာရင်းပေးသွင်းနိုင်ပါသည်။

  • ကဒ်ကိုင်ဆောင်သူများအနေဖြင့် တစ်ကြိမ်လျင် တစ်ခေါက်သာ ကြိုတင်၍ စာရင်းပေးသွင်းနိုင်ပြီး ပထမအကြိမ်ကြိုတင် စာရင်းပေးသွင်းထားခြင်းအား အသုံးပြုပြီး (သို့) ပယ်ဖျက်ပြီးမှသာ နောက်တကြိမ် ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
  • ကြိုတင်စာရင်းပေးသွင်းမှု ပယ်ဖျက်ခြင်းအား သင်ရည်ရွယ်သည့်ရက်မတိုင်မီ အနည်းဆုံး (၁ရက်) အလိုတွင်ပြုလုပ်ရမည်။ ကဒ်ကိုင်ဆောင်သူကိုယ်စား အခြားသူတစ်ယောက်က လာရောက်အသုံးပြုပါက ကဒ်ကိုင်ဆောင်သူအား ဤဝန်ဆောင်မှု၏ အမည်ပျက် စာရင်းသွင်းခြင်း ခံရမည်။
  • ကဒ်အသုံးပြုရာနေရာများတွင် ကြိုတင်စာရင်းပေးသွင်းသူ၏ အမည်နှင့် ကဒ်ပြားပေါ်ရှိအမည်များ ကိုက်ညီမှုရှိရမည်။
  • ကြိုတင်စာရင်းပေးသွင်းမှုများအား ဦးရာလူစနစ်ဖြင့်သာ စီစဉ်ဆောင်ရွက်ပေးသွားမည်။
  • ကဒ်ကိုင်ဆောင်သူ၏ ခက်ခဲသောတောင်းဆိုမှုများအား CBဘဏ်ဝန်ဆောင်မှုမှ ဆောင်ရွက်နိုင်မှုမရှိလျင် MasterCard ဝန်ဆောင်မှုသို့ လွှဲပြောင်းဆောင်ရွက်စေနိုင်သည်။

ရှင်းလင်းချက် : ဤဝန်ဆောင်မှုအား MasterCard ဝန်ဆောင်မှုသို့လွှဲပြောင်းရာတွင် အသုံးပြုသည့် အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုများအား ကဒ်ကိုင်ဆောင်သူမှ ပေးဆောင်ရမည်။

  • CB ကိုယ်ပိုင်စိတ်တိုင်းကျ ခရီးစဉ် ဝန်ဆောင်မှု အစီအစဉ်များကို သင် စတင်မှတ်ပုံတင်သည့်နေ့မှ တစ်နှစ်အတွင်း အသုံးပြုခွင့်ရှိသည်။

ကဒ်သုံးစွဲသူကိုယ်တိုင် ဤဝန်ဆောင်မှုများအား ပယ်ဖျက်ခြင်းမရှိပါက လည်းကောင်း ဝန်ဆောင်မှုများကို ဘဏ်မှ အလိုလျောက် သက်တမ်းတိုးသွားမည်။ ဝန်ဆောင်မှုများအား ပယ်ဖျက်ခြင်းအား ကဒ်သုံးစွဲသူကိုယ်တိုင် ဘဏ်၏ Call Center (သို့) ဝက်ဘ်ဆိုဒ်မှ တစ်ဆင့်(၁လ) ကြိုတင်အကြောင်းကြားခြင်း ပြုလုပ်ရမည်။